ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၂၇ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ရဲစခန်းတွင် အချုပ်ကျနေသော အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့တွင် သေဆုံးသွားကြောင်း ဒေသခံများခံမှ သိရသည်။

သေဆုံးသွားသော ဒေသခံအမျိုးသားသည် ၎င်းအမေနှင့်အတူ ပြီးခဲ့သည့် ဩဂုတ်လတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရုပ်အလောင်းကို မိသားစုဝင် သုံး ဦးကသာ သဂြိုလ်ခဲ့ရကြောင်းသိရသည်။

“သူ့အမေတော့ ပြန်လွတ်လာပြီ။ ၁၈ နှစ်မပြည့်သေးတာ သေချာတယ်။ အောက်ချိုင်ရွာ ဇာတိ။ ကျနော်တို့ ကြားသိရတာတော့ အင်္ဂါနေ့ကပါ။ ရင်ခွဲရုံက အဖြေကတော့ နှလုံးပေါက်တယ်တဲ့။ မိသားစုတောင် သုံးဦးပဲ သင်္ဂြိုလ် ချိန်မှာ လိုက်ပါပို့ဆောင်ခွင့်ရတယ်လို့ ကြားရတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနအဖွဲ့ဝင် ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မင်းတပ်မြိုနယ်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့သော ဒေသခံစုစုပေါင်း ၈၀ ကျော်ရှိပြီဖြစ်ကြောင်းသိရပြီး စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသွားသည့် ဒေသခံအများအပြားလည်း ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-မင်းတပ်မြို့

#မင်းတပ် #အချုပ်ကျနေ #အသက်မပြည့်သေး #အမျိုးသားတစ်ဦးသေဆုံး#Ayeyarwaddy_Times