ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
ရှယ်ယာပိုင်ရှင်နဲ့ အော်ပရေတာအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံက ရတနာဓာတ်ငွေ့စီမံကိန်းနဲ့ ဓာတ် ငွေ့ပို့ဆောင်ရေးကုမ္ပဏီ MGTC ကနေ နှုတ်ထွက်မယ့်အစီအစဉ်ကို ပြင်သစ်စွမ်းအင်လုပ်ငန်း Total Energies က ဒီနှစ် ဇန်နဝါရီလအတွင်း ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာနေတာကြောင့် Total Energies အနေနဲ့ အပြုသ ဘောဆောင်တဲ့ ကူညီမှုတွေ မလုပ်နိုင်တော့ဘဲ သက်ဆိုင်သူတွေရဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်း နိုင်တော့ ဘူးလို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရတနာဓာတ်ငွေ့စီမံကိန်း ထုတ်လုပ်မှုအတွက် နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တစ် ဆင့် စစ်ကောင်စီအတွက် ဝင်ငွေပေးနေမှုကို ရပ်တန့်ဖို့ ပြည်သူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ခြောက်လက ကြိုတင်အသိပေးထားတဲ့အတိုင်း Total Energies ရဲ့ မြန်မာနိုင်ငံကထွက်ခွာမှုက ဇူလိုင်လ ၂၀ ရက်မှာ စတင်အာဏာတည်ပြီဖြစ်ပါတယ်လို့ အဆိုပါထုတ်ပြန်ချက်က ဆိုပါတယ်။
Total Energies မြန်မာနိုင်ငံမှထွက်ခွာမှုက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ဥရောပနိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကို လေးစားလိုက်နာတာလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ Total Energies မြန်မာနိုင်ငံမှ ထွက်ခွာသွားပေမယ့် ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTTEP က ရတနာ ဓာတ်ငွေ့စီမံကိန်းမှာ အော်ပရေတာသစ်အဖြစ် ဆက်လက်လုပ်ကိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Total Energies မြန်မာနိုင်ငံမှ ထွက်ခွာပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချနေသလို မြန် မာပြည်သူတွေနဲ့ ၄င်းတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး မျှော်လင့်ချက်ကို အားပေးထောက်ခံတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – Total Energies
Ref; Total Energies Has Definitively Withdrawn from Myanmar