ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်

ယူကရိန်းနိုင်ငံဟာ မနေ့က လေယာဉ်ကွင်းတစ်ခု အပါအဝင် ရုရှားပိုင်နက်အတွင်းရှိ ဒေသ ၆ ခုရှိ ပစ်မှတ် တွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ် ၄ စင်း ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

မော်စကို အပါအဝင် ဒေသ ၆ ခုရှိ ပစ်မှတ်တွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အနောက်နိုင် ငံတွေရဲ့ အကူအညီမပါရင် ရုရှားပိုင်နက်အတွင်း မတိုက်ခိုက်နိုင်ဘူးလို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံမှ ကီလိုမီတာ ၆၀၀ ကျော် ကွာဝေးတဲ့ ရုရှားနိုင်ငံမြောက်ပိုင်း ပက်ရှ်ကော့ဗ်ဒေသရှိ စစ် ဘက်လေယာဉ်ကွင်းတစ်ခုမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး Il-76 သယ်ယူပို့ ဆောင်ရေးလေယာဉ် ၄ စင်း ပျက်စီးခဲ့ပြီး ၂ စင်း မီးလောင်ပေါက်ကွဲသွားခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်မှာ ရုရှားတို့ရဲ့ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၂ ဉီး ထက်မ နည်း သေဆုံးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်တွေက ပြောကြားပြီးနောက် ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

ရုရှားမြေပေါ်မှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုအားလုံးကို ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ မြေပြင်မှာ အပျက်အစီး မည်မျှပင်ရှိစေကာမူ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေအားလုံးက မအောင်မြင်ဘူးလို့ ရုရှားက ပြောလေ့ရှိပါတယ်။

ဒရုန်းတွေကို ဘယ်နေရာကနေ ပစ်လွှတ်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်တယ်ဆိုတာ ဖော်ထုတ်ဖို့ ကြိုး ပမ်းနေပြီး ဖြစ်စဉ်တွေကို သမ္မတ ဗလာဒီမာပူတင်ထံ ချက်ချင်း အကြောင်းကြားထားတယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ပက်ရှ်ကော့ဗ်လေယာဉ်ကွင်းရှိ ရုရှားလေယာဉ်တွေ ပျက်စီးခဲ့တယ်လို့ ယူက ရိန်းက အတည်ပြုခဲ့ပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

“ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ပက်ရှ်ကော့ဗ်ရှိ လေယာဉ်ကွင်းတစ်ခုက IL-76 သယ်ယူပို့ဆောင်ရေးလေ ယာဉ် ၄ စင်း ပျက်စီးခဲ့ပြီး အခြားလေယာဉ်တွေ ထိခိုက်ခဲ့ရပေမယ့် သတင်းတွေကို စစ်ဆေးနေဆဲဖြစ်ပါတယ်” လို့ ယူကရိန်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အန်ဒရေယူဆော့ဗ်က ပြောပါတယ်။

ရုရှားကို တိုက်ခိုက်ရာမှာ သူတို့ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေ အသုံးဖို့ အနောက်မဟာမိတ်တွေက ယူကရိန်းကို ပိတ်ပင်ပေမယ့် ကိုယ့်လက်နက်နဲ့ကိုယ် တိုက်ခိုက်ပိုင်ခွင့်ရှိတယ်လို့ ယူကရိန်းက ပြောပါတယ်။

ရုရှားဒုံးကျည် ၂၈ စင်းနဲ့ ဒရုန်း ၁၆ စင်းအနက် ၁၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချ နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ကိုးကား – Telegraph India
Ref; Ukrainian drones strikes targets in at least six regions deep within Russia on Wednesday

#Ayeyarwaddy_Times