ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
အမေရိကန် အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လက်ထောက်ဝန်ကြီး အူဇရာဇီယာဟာ ဇူလိုင်လ ၁၃ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တွေ့ဆုံကာ ထပ်တိုး လူသားချင်းစာနာမှုအကူအ ညီ ဒေါ်လာ ၇၄ သန်းကျော် ပံ့ပိုးကူညီမယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အကူအညီထဲမှာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာစစ်ဘေးရှောင်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရို ဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင်အသိုင်းအဝိုင်းတွေအတွက် ဒေါ်လာ ၆၁ သန်းနီးပါးလည်း ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လနောက်ပိုင်း မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုဟာ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လနောက်ပိုင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ် မှုနဲ့ လူသားမဆန်သောရာဇဝတ်မှုတွေကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ ရပါတယ်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်တွေ၊ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခဘေးသင့်ပြည်သူတွေ အပါ အဝင် ထိခိုက်လွယ်တဲ့အုပ်စုတွေအတွက် ငွေကြေးပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်တာတွေနဲ့ပတ်သက်လို့ အမေရိ ကန်နိုင်ငံအနေနဲ့ အလွန်အမင်း စိုးရိမ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အခြေအနေပေးပါက ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံသို့ ဘေးအန္တရာယ်ကင်းစွာ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ တာရှည်ခံသောအဖြေရှာဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားတယ်လို့ ပြောပါ တယ်။
ကိုးကား – https://www.state.gov
Ref; United States to Provide Additional Humanitarian Assistance to People in Burma, Bangladesh, and the Region