ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေဒေသ၊ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့စစ်ကောင်စီဗျူ ဟာစစ်ကြောင်းကို ဒီကနေ့ ဇူလိုင် ၁၂ ရက်မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကထုတ်ပြန်ပါတယ်။
မြဝတီ-ဝေါလေ ကားလမ်းမ ဖလူးသုံးထပ်ကွေ့နဲ့သရက်တပင်အကြားမှာ ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ခလရ ၈ရဲ့တပ်ရင်းမှူးနဲ့ ဒုတပ် ရင်းမှူးအပါအဝင် အများအပြားသေဆုံးတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့သလို RPG ဗုံးသီး – ၂၆ လုံး၊ RPG ပို့ယမ်း – ၂၁ တောင့်၊ရှေ့ထွက်မိုင်း – ၁လုံး၊နင်းမိုင်း – ၂၁ လုံး၊ လက်ပစ် ဗုံး – ၁၇ လုံး၊စကုတ် – ၂ ခု၊ မိုင်းရှာစက် – ၁ ခု၊ ၄၀ မမ – ၃၁ လုံး၊ အမျိုးအမည်မသိ 79 – ၃ လုံး၊ မိတ်ကပ် – ၂ဘူး၊ ဖြိုခွင်းရေး ယမ်းမဲ – ၇ ချောင်း၊ ၆၀ မမ -၂၉ လုံး၊ အီနာဂါ – ၂၂လုံး၊ ကီးပတ်ဖုန်း – ၇လုံး၊ Touch screen ဖုန်း – ၄လုံး ငွေ – သိန်း၂၀ ၊ ၅.၅၆ ကျည် – ၅၀၀၀၊ စက်လက်ကျည် – ၃၀၀၀၊ MA – 1 – ၁လက်၊ ဂျန်ဘာစက် – ၁ နဲ့ တခြားစစ်အသုံးအဆောင်တွေသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – Cobra Column