ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ဝက်သက်မြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် YDF တပ်ရင်း ၈ က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ YDF ကထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထီးလင်း YDF ထံကသိရပါတယ်။

ထို့ပြင် စစ်ကောင်စီဘက်က စက်လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာတစ်စုံတရာမရှိခဲ့ပဲ အောင်မြင်စွာဆုတ်ခွာခဲ့နိုင်တယ်လို့ YDF ထီးလင်း ကပြောပါတယ်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်အနေဖြင့် ဝက်သက်မြောင်းကျေးရွာမှာ တပ်စွဲပြီး ညအိပ််တည်းခိုနေတယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။