နွေဦးမောင် /ဧရာဝတီတိုင်းမ်
မေလ ၅ ရက်
ဧရာဝတီတိုင်းအတွင်း ရှိမြို့နယ် များတွင် ရွေးကောက်ပွဲ ဝင်ရန် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ထားသည့် ပါတီများကြား ကြံ့ခိုင်ရေးပါတီတစ်ခုတည်း သာ စည်းရုံးရေးဆင်းရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
ဧရာဝတီတိုင်းထဲတွင် ပါတီမှတ်ပုံတင်ထားသည့် ပြည့်သူပါတီ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ပြည်ထောင်စုကြံခိုင်ဖွင့်ဖြို့ရေးပါတီတို့ ရှိနေပြီး NLD အမတ်ဟောင်း ဦးစိန်ဝင်း တည်ထောင်ထားသည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီသည် ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီနှင့် ပူးပေါင်းထားသည်။
အဆိုပါ ပါတီများအကြား ကြံ့ခိုင်ရေးပါတီတခုတည်းသာ နယ်မြေဆင်းစည်းရုံးခြင်းနှင့် ရုံးဖွင့်ပွဲများ ဆိုင်းပုဒ်တင်ပွဲများပြုလုပ်နေသည်ဟု အသက်၅၀အရွယ် ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အများစုတွင် ကြံခိုင်ရေးပါတီဝင်အချို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ မြို့တွင်းလုံခြုံရေးယူခြင်းကင်လှည့်ခြင်းများအပြင် ဧည့်စာရင်းစစ်ဆေးသည့် လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်းများ ရှိသည်ဟု ၄င်းက ထပ်မံပြောကြားသည်။
ဧရာဝတီတိုင်းအတွင်းတွင် မြို့နယ် (၂၆)မြို့နယ်ရှိပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အပြင် မြို့နယ်အားလုံးတွင်လည်း NLD ပါတီ ရုံးခန်းများ ဖွင့်လှစ်ထားနိုင်ခဲ့သည်။
စစ်ကောင်စီက ကျင်းပမည်ဟု ပြောထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူအများစုက စိတ်ဝင်စားမှု့မရှိပဲ လက်ရှိအချိန်တွင် စစ်တပ်ကြောထောက်နောက်ခံရှိသည့် ကြံခိုင်ရေးပါတီတခုတည်းကသာ လှုပ်ရှားနေခြင်းရှိသည်ဟု ဒေသခံများက ဧရာဝတီတိုင်းမ်ကို ပြောသည်။
#ဧရာဝတီတိုင်းတွင် #ကြံခိုင်ရေးပါတီတစ်ခုထဲသာစည်းရုံးရေး #လုပ်ငန်းများလုပ်ဆောင်ရန်ပြင်ဆင်နေ
#Ayeyarwaddy_Times