ဧရာဝတီတိုင်းမ်
(သထုံ)၊ မတ်လ ၃ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဒုံသမိတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်အား မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး ၂ လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်နယ်စပ်ရှိ ဒုံသမိတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခုအား ဒရုန်း ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးဂိတ်ပစ်မှတ် ၂ ခုလုံးပေါ်အား ဗုံးသီးကျခဲ့ပြီး စစ်ကောင်စီဘက်မှထိခိုက်မှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
“ဂိတ်တွေက အင်အားများတယ်အမြဲလိုလို၊ အဲ့ဒီစစ်ဆေးရေးဂိတ်တွေက စကစအတွက် အရေးကြီးတဲ့ ဂိတ်တွေဖြစ်တာကိုး၊ စစ်ဆေးရေးဂိတ် နှစ်ခုက ပစ်မှတ်တွေကို ဗုံးသီးတွေတည့်တည့် ထိတယ်၊ ထိခိုက်တာတော့သေချာတယ်၊ ေ ဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးဗျ” ဟု Hawk Revolutionary Squad-HRS တာဝန်ရှိသူက ဧရာဝးဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရမှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ယခုအခါတွင် အင်အားထပ်မံဖြည့်တင်းလျက်ရှိကြောင်း၎င်းမှ ဆက်လက်ပြောဆိုသည်။
သထုံ – ဘားအံ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ မကြာခနတိုက်ခိုက်ခံရလေ့ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း သထုံမြို့နယ်၊ ကမာစိုင်ရွာအနီးတွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား HRSအဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။
#သထုံ #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် #ဗုံးချခံရ #Ayeyarwaddy_Times