ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်

တရုတ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ထိန်းမနိုင်သိမ်းမရ ပျံ့နှံလာပြန်တာကြောင့် တရုတ်ဆေး ရုံတွေဟာ ဝန်ထမ်းနဲ့လူနာ မလောက်ငှတဲ့ဖိအား ရင် ဆိုင်နေရတယ်လို့ သိရပါတယ်။

မူဝါဒအပြောင်းအလဲတစ်ရပ်အနေနဲ့ တရုတ်အစိုးရဟာ ဒီလအစောပိုင်းမှာ ကမ္ဘာ့အတင်းကျပ်ဆုံး ကိုဗစ် လော့ဒေါင်းချမှုနဲ့ ရောဂါစမ်းသပ်မှုတွေကို ဖျက် သိမ်းခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ တာဖြစ်ပါတယ်။

တင်းကျပ်တဲ့ ဗိုင်းရပ်စ်စမ်းသပ်မှုနဲ့ လော့ဒေါင်းချမှုတွေကို ဆန္ဒပြမှုတွေရှိခဲ့တာကြောင့် အစိုးရက ဗိုင်း ရပ်စ်ဆိုင်ရာ ဖြေလျှော့မှုအချို့ ပြုလုပ်ပြီးနောက် နေ့စဉ် သန်းနဲ့ချီတဲ့ပြည်သူတွေ ဗိုင်းရပ်စ်ကူးစက်ခံရတာဖြစ် တယ်လို့ နိုင်ငံတကာ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်မှာ ကန့်သတ်ချက်တွေ ဖြေလျှော့ပြီးနောက် ကိုဗစ်လူနာတွေကို ပြုစုနေရသည်မှာမနိုင်မနင်းဖြစ်နေတယ်လို့ ချန်ဒူးမြို့တော်ရှိ ဆေးရုံကြီးတစ်ရုံမှ ဝန်ထမ်းတစ်ဉီးက ပြောပါတယ်။

“ကျွန်တော်အလုပ်ဝင်တာ နှစ် ၃၀ ကျော်ရှိပြီဖြစ်ပေမယ့် အခုလောက် အလုပ်များတာ မကြုံတွေ့ဖူးပါ ဘူး” လို့ အမည်မဖော်လိုတဲ့ ဆေးရုံပြင်ပရှိ လူနာ တင်ယာဉ် ယာဉ်မောင်းတစ်ဉီးက ပြောပါတယ်။

ဆေးရုံအတွင်းနဲ့ပြင်ပရှိ အရေးပေါ်ဌာနတွေမှာ လူအများအပြား တန်းစီနေပြီး လူနာအများစုက အသက် ရှုကျပ်တာကြောင့် လူနာတင်ယာဉ်တွေအတွင်း အောက်ဆီဂျင်ပေးထားရတယ်လို့ ဆိုပါတယ်။

“လူနာအားလုံးနီးပါး ကိုဗစ်-၁၉ ကူးစက်ခံထားရပါတယ်” လို့ အရေးပေါ်ဌာနမှ ဝန်ထမ်းတစ်ဉီးက ပြောပါ တယ်။ ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကုသဆေးတွေ မရှိတော့လို့ လူနာတွေကို ချောင်းဆိုးသက်သာစေတဲ့ဆေးသာ ပေးထားနိုင်တော့တယ်လို့ သူက ဆိုပါတယ်။

မကြာသေးမီက လာပြတဲ့လူနာတွေက သက်ကြီးတွေနဲ့ ရောဂါအခံရှိသော အရေးပေါ်ဖျားနာသူတွေဖြစ် ပြီး တစ်ရက်လျင် ပျမ်းမျှအားဖြင့် လူနာ ၄၅၀ မှ ၅၅၀ အထိ လက်ခံနေရတယ်လို့ ပေကျင်းမြို့တော်ရှိ ချောင်ယန် ဆေးရုံမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

တရုတ်နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သီတင်းတစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေ ဆုံးသူတစ်ဉီးသာ ရှိတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လာမယ့်နှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူတစ်သန်းထက်မနည်း သေဆုံးနိုင် တယ်လို့ နိုင်ငံတကာ ကျန်းမာရေးပညာရှင်တွေက ခန့်မှန်းပါတယ်။

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။
ကိုးကား – Reuters
Ref; Hospitals in China ‘extremely busy’ as Covid spreads unchecked