ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာရှိတဲ့ ရေအောက်ကေဘယ်တွေကို ပြုပြင်တာတွေပြုလုပ်နေတာကြောင့် ငါးဖမ်း သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေ ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အာရှ – ဥရောပ ရေအောက်ကေဘယ်ချို့ယွင်းမှုပြုပြင်တဲ့ လုပ်ငန်းတွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်ကာလအတွင်းမှာ လုပ်ငန်းတွေ မနှောင့်နှေးစေဖို့အတွက် သင်္ဘောကြီးတွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားတာလာ ကျောက်ချရပ်နားထားတာအပြင် ငါးဖမ်းကိရိယာတွေနဲ့ ငါးဖမ်းတာတွေ မပြုလုပ်ဖို့အတွက် သတိပေးချက်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ရေအောက်ကေဘယ်ချို့ယွင်းမှုတွေ ပြုပြင်ဖို့အတွက်ကို ရေအောက်ကေဘယ် ASEAN Restorer နဲ့ ပြန်လည် ပြုပြင်တဲ့ လုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အာရှ – ဥရောပရေအောက်ကေဘယ် ဆက်သွယ်ရေးစနစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းကစတင်ပြီး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

#Ayeyarwaddy_Times