စက်တင်ဘာလ ၂၈ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– စစ်ကောင်စီက ဟိုင်းကြီးကျွန်းမြို့ဧရိယာအတွင်းက ရခိုင်တိုင်းရင်းသားတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်

– ဖမ်းဆီးခံရတဲ့ PDF တစ်ဦးထံမှ စစ်ဆေးတွေ့ရှိချက်အရ ဖျာပုံမြို့နယ်က ရဲတပ်ဖွဲ့၀င် ၃ ဦး နှင့် ရဲဇနီးတစ်ဦး ဖမ်းဆီးခံရ

– ဖမ်းဆီးခံထားရသည့် အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်ကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင် ၃ နှစ်ထပ်မံ ချမှတ်

– ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ရသူ ၉,၀၀၀ နီးပါးအထိ ရှိလာ

– ထိုင်းနိုင်ငံ၊ ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၉၅ ဦး ဖမ်းဆီးခံရ

– ရွှေတြိဂံဒေသတွင် စိတ်ကြွဆေးပြားနှင့် အိုက်စ်မူးယစ်ဆေး ဖမ်းမိ

– လှိုင်မြို့နယ် EPC ရုံးရှေ့ စစ်ကောင်စီတပ်လုံခြုံရေးဘန်ကာ ပစ်ခတ်ခံရ

– ပေါက်မြို့နယ် သရက္ကန်ရွာကို စစ်ကောင်စီတပ် မီးရှို့

– ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးအကျကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်း