ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

ဒီမိုကရေစီအင်အားစုတွေကို ချန်လှပ်ထားတဲ့ လက်ရှိရွေးကောက်ပွဲအပြီး စစ်အုပ်ချုပ်ရေး ဆက်ရှိ နိုင်လို့ မြန်မာနိုင်ငံဟာ နောက်ထပ် အကွဲအပြဲတွေ ကြုံတွေ့နိုင်တဲ့အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး မိုင်နိုရူကီဟာရာက သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲတစ်ခုမှာ အခုလို ထုတ်ဖော်ပြောခဲ့တာပါ။

အကျဉ်းသားတွေ လွှတ်ပေးရေး ရှေ့ဆက်လုပ်ဆောင်ဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံရဲ့ကြိုးပမ်းမှုဟာ လုံလောက်မှုမရှိဘူးလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲပြုုလုပ်နေတာကြောင့် ငြိမ်းချမ်းသော အဖြေတစ်ရပ်ရှာဖို့က ပိုမို ခက်ခဲလာနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချကာ အကျဉ်းချခဲ့တဲ့ စစ်အာဏာသိမ်း မှုနောက်ပိုင်း ပထမဆုံး ရွေးကောက်ပွဲအဖြစ် မြန်မာနိုင်ငံဟာ အဆင့် ၃ ဆင့်ပါ ရွေးကောက်ပွဲ ကျင်းပနေ ပါတယ်။

စစ်အုပ်စုရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီနဲ့ အခြားသူတွေကို ယှဉ်ပြိုင်ခွင့် မပြုဘဲ ချန်လှပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ နိုင်ငံရေးပါတီအများစုက အနိုင်ရခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်မှုကို တရားဝင်စေဖို့နဲ့ အာဏာတည်မြဲဖို့ ကြိုးပမ်းမှုတစ်ခုအ ဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပါတယ်။

ကိုးကား – Mainichi
Ref; Japan concerned over deeper division in Myanmar after junta-run election