
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
တရုတ်စစ်လေယာဉ်တစ်စင်းဟာ တောင်တရုတ်ပင်လယ်အတွင်း သြစတြေးလျ ကင်းလှည့်လေ ယာဉ်တစ်စင်းရဲ့ဘေး ကပ်လျက်ပျံသန်းပြီး အချက်ပြမီးတွေ လွှတ်ခဲ့တယ်လို့ သြစတြေးလျက စွပ်စွဲလိုက် ပါတယ်။
အန္တရာယ်ရှိပြီး ပရော်ဖက်ရှင်နယ်မပီသတဲ့ တရုတ်စစ်လေယာဉ်ရဲ့ အပြုအမူကို သြစတြေးလျအ စိုးရက စိုးရိမ်မိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့ဖြစ်စဉ်မှာ သြစတြေးလျရဲ့ P-8A ကင်းလှည့်လေယာဉ်နဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမ ရှိခဲ့ဘူးလို့ သိရပါတယ်။
သြစတြေးလျဂျက်လေယာဉ်တစ်စင်း တရုတ်လေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်လာလို့ မောင်းထုတ်ခဲ့ရကြောင်း တရုတ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
သြစတြေးလျလေယာဉ်ရဲ့ လုပ်ရပ်တွေဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာလို့ တ ရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လီကျန်ကျင်းက ပြောကြားခဲ့ပြီး ရန်လိုသော လုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ဖို့ သြစတြေးလျကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်အပါအဝင် တိုင်းပြည်အားလုံးဟာ သူတို့ရဲ့စစ်တပ်တွေကို ဘေးကင်းလုံခြုံပြီး ပရော်ဖက် ရှင်နယ်ပီသတဲ့ အပြုအမူနဲ့ ထိန်းကျောင်းကြဖို့ မျှော်လင့်တယ်လို့ သြစတြေးလျစစ်တပ်က ပြောပါတယ်။
သြစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်ကြား ဒေါ်လာဘီလီယံချီတန်ကြေးရှိ ရေငုပ်သင်္ဘော သဘော တူညီချက်ကိစ္စ ဆွေးနွေးနိုင်ရေး သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တွေ့ဆုံဖို့ အမေရိကန်သို့သွားရောက်စဉ် အခုလိုဖြစ်စဉ် ဖြစ်ခဲ့တာပါ။
တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုမှာ သြစတြေးလျနိုင်ငံက မပါဝင်ပေမယ့် အ မေရိကန်၊ မဟာမိတ်တွေနဲ့ နီးကပ်မှုရှိကာ တရုတ်ရဲ့တောင်းဆိုချက်တွေဟာ ဥပဒေနဲ့မညီညွတ်ဖူးလို့ ပြောပါတယ်။
ကိုးကား – BBC
Ref; Australia accuses China of ‘unsafe’ military jet manoeuvres