ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တဲ့ တရုတ်စစ်လေ ယာဉ်တစ်စင်းဟာ တနင်္လာနေ့က အနီးအနားရေပိုင်နက်ကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ်စစ်တပ်ရဲ့ Y-9 ကင်းထောက်လေယာဉ်တစ်စင်းဟာ နာဂါဆာကီစီရင်စု၊ ဂိုတိုမြို့တော်ရှိ ဒန်ဂျိုကျွန်းအလွန်က ရေပိုင်နက်ပေါ်က ဂျပန်လေပိုင်နက်မှာ ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာ နက တနင်္လာနေ့မှာ ပြောကြားပါတယ်။

တရုတ်စစ်လေယာဉ်တစ်စင်းက ဂျပန်လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုကို အတည်ပြု တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တရုတ်ပြည်မရဲ့ ညွှန်ကြားချက်နဲ့လာတဲ့ အဆိုပါလေယာဉ်ဟာ ကျူရှူးကျွန်းသို့ ပျံသန်းခဲ့ပြီး ဒန် ဂျိုကျွန်းရဲ့ အရှေ့တောင်ဘက် ရေပိုင်နက်မှာ လှည့်ပတ်ပြီးနောက် ဂျပန်လေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်ကင်းထောက်လေယာဉ်ဟာ ကျူးကျော်ဝင်ရောက်မှုမပြုလုပ်မီ အကြိမ်များစွာ လှည့်ပတ် ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂျပန်လေပိုင်နက်အတွင်း မကျူးကျော်ဖို့ ဂျပန်လေတပ်ဖွဲ့မှ တိုက်လေယာဉ်တွေက သတိပေးခဲ့ တယ်လို့ အဆိုပါသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဂျပန်တိုက်လေယာဉ်တွေက သတိပေးမှုတွေပြုလုပ်ပေမယ့် တရုတ်ကင်းထောက်လေယာဉ်ဟာ ဂျပန်လေပိုင်နက်အတွင်း ၂ မိနစ်ခန့် ပျံသန်းကာ အနီးအနားရေပိုင်နက်အပေါ် မိနစ် ၉၀ ကျော်ကြာ လှည့်ပတ်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ကင်းထောက်လေယာဉ်ရဲ့ လှုပ်ရှားမှုရည်ရွယ်ချက် တွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။

ကိုးကား – NHK
Ref; Chinese aircraft circled several times before intruding into Japan’s airspace

#Ayeyarwaddy_Times