ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ Move Forward Party (MFP) ပါတီခေါင်းဆောင် ပီတလင်ဂျာရိုရတ်မှာ လွှတ်တော်တွင်း ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်မှုတွင် လိုအပ်သည့် မဲအရေအတွက် မရ သဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ပီတ ဝန်ကြီးချုပ်ဖြစ်ရန် အထက်နှင့်အောက်လွှတ်တော်နှစ်ရပ်ပေါင်း လွှတ်တော်အမတ် ၇၅၀ အနက် လွှတ်တော် အမတ် ထောက်ခံမဲ ၃၇၆ မဲ ရရှိရန် လိုအပ်ရာ ၃၂၃ မဲသာ ရရှိပြီး ဝန်ကြီးချုပ်ဖြစ်ရန် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် စစ်တပ်ခန့် အောက်လွှတ်တော်အမတ်များ အပါအဝင် စုစုပေါင်း အမတ် ၅၀၀ ရှိရာ အနည်းငယ်ကသာ ပီတကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရန်ထောက်ခံခဲ့ကြသည်။

လွှတ်တော်အတွင်း ပီတကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုမဲခွဲရာတွင် ထိုင်းလွတ်တော်အမတ်အများအပြားက ကြား နေမဲများ ပေးခဲ့ကြောင်း သိရသည်။

ပီတအနေဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်နိုင်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးဖို့ လာမည့်သီတင်းပတ်အတွင်း နောက်ထပ် မဲခွဲရွေးချယ်မှု ပြလုပ်မည်ဖြစ်သည်။

လူငယ် ပြုပြင်ပြောင်းလဲရေးသမား ပီတက ဝန်ကြီးချုပ်ရာထူးယှဉ်ပြိုင်တဲ့ တစ်ဉီးတည်းသော ကိုယ်စားလှယ် လောင်းဖြစ်သော်လည်း ဝန်ကြီးချုပ်ဖြစ်ဖို့ အာမခံချက်မရှိခဲ့ပေ။
ပီတနဲ့ မဟာမိတ်များက အသစ်ရွေးချယ်ထားတဲ့

အောက်လွှတ်တော်အမတ် ၅၀၀ အနက် လွှတ်တော်အမတ် ၃၁၂ နေရာသာ ထိန်းချုပ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် မေလရွေးကောက်ပွဲတွင် Move Forward ပါတီသည် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၁၅၁ နေရာဖြင့် အမတ်နေရာအများဆုံး အနိုင်ရခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ဦးဆောင်သည့် Pheu Thai ပါတီက ကိုယ်စားလှယ်အရေအတွက် ၁၄၁ နေရာဖြင့် အောက်လွှတ်တော်တွင် ဒုတိယနေရာမှ အနိုင်ရခဲ့သည်။

ကိုးကား – The Straits Times
Ref; Reformist Pita Limjaroenrat loses Thai Parliament vote for PM

#Ayeyarwaddy_Times