ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဇွန်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၈ ရက်အထိကျင်းပခဲ့သည့်ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ၏ အကြိမ် (၅၀) မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာ့အရေးဆွေးနွေးမှုများကိုကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ယနေ့ရက်စွဲ
ဖြင့် ထုတ်ပြန်သည်။
အဆိုပါအစည်းအဝေးအတွင်း မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများဖြစ်ပွားစေသည့် အကြောင်းရင်းများ ခေါင်းစဉ်ပါဆွေးနွေးပွဲနှင့်ဥရောပသမဂ္ဂ (အီးယူ)မှ တင်သွင်းခဲ့သောဆုံးဖြတ်ချက်အဆိုအရ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ၏အစီရင်ခံချက်အပေါ် အပြန်အလှန် ဆွေးနွေးမှုများအားကန့်ကွက်ခြင်းဖြစ်သည်ဟု ဆို သည်။
အဆိုပါအစည်းအဝေးအတွင်းအိုအိုင်စီကတင်သွင်းသော ဖော်ပြပါ အဆိုကိုလူ့အခွင့်အရေးကောင်စီကအတည်ပြုချမှတ်ခဲ့သဖြင့် လူ့အခွင့်အရေးကောင်စီသည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းမူများကိုဆန့် ကျင်၍ ၄င်းတို့စစ်ကောင်စီ ပါဝင်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင်လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာပြည်သူများကို စိတ်ဝမ်းကွဲအောင်ပြုလုပ်နေသည်ဟုလည်းစစ်ကောင်စီကစွပ်စွဲပြောဆိုထားသည်။
လူ့အခွင့်အရေးကောင်စီသည် ၎င်းတို့၏မူဝါဒများနှင့် ရည်ရွယ်ချက်များကိုလိုက်နာခြင်းမရှိဟု ပြောဆိုထားပြီး အထက်ပါကိစ္စများကို လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ခဲ့သည်ကို ထပ်လောင်းကန့်ကွက်သည်ဟု စစ်ကောင်စီက ဖော်ပြသည်။