ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၅ ရက်အီရန်နိုင်ငံအပေါ် ဖိအားတိုးပေးမှုအဖြစ် အီရန်နဲ့ စီးပွားရေးလုပ်တဲ့ မည်သည့်တိုင်းပြည်ကိုမဆို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါ...
ပြည်ပသံရုံးနှင့် တွေ့ဆုံသဖြင့် ဒေါ်သက်သက်ခိုင်အပါ ၂ ဦး အရေးယူခံရမည်ဟု စစ်အုပ်စုသတင်းထုတ်ပြန် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၄ ရက် အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့၏ ခွင့်ပြုချက်မယူဘဲ ပြည်ပသံရုံးနှင့် လျှို့ဝှက်တွေ့ဆုံသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အပါအဝင် နှစ်ဦးကို အရေးယူမည်ဟု ယနေ့ည ထုတ်ပြန်လာသည်။ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ယမန်နေ့၌ ဖမ်းဆီးသွားကြောင်း သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်(UEC)က တုံ့ပြန်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် UEC သို့ ခွင့်ပြုချက် မတင်ပြဘဲ ဒီဇင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း ဆိုသည်။ ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ မှန်ကန်ကြောင်း တွေ့ရှိရသည့်အပြင် ဒေါက်တာသက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့မှလည်း မှန်ကန်သည်ဟု ဝန်ခံထွက်ဆိုကြောင်း UEC က ထုတ်ပြန်ဖော်ပြသည်။ စစ်ကော်မရှင်၏ UEC သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၀၇ (ဂ)၊ ၄၀၈ နှင့် နိုင်ငံရေးပါတီများ ဥပဒေပုဒ်မ -၆(စ)ပါ ပြဋ္ဌာန်းချက်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်ကတည်းကပင် နိုင်ငံရေးပါတီများအား အကြောင်းကြားခဲ့ကြောင်း သိရသည်။ ထိုပြဋ္ဌာန်းချက်များမှာ တိုင်းပြည်တစ်ခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်း မပြုရေးဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စရပ်များကို ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများအနေဖြင့် စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက UEC သို့ ကြိုတင်တင်ပြ၍ ခွင့်ပြုမှသာ တွေ့ဆုံရန်နှင့် သင့်လျော်သည့်အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည်ဟု ဆိုထားသည်။ PPP ပါတီအနေဖြင့် သံရုံးများ/အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာ တွေ့ဆုံလျက်ရှိကြောင်း သိရှိရသဖြင့် UEC သို့ တင်ပြရန်နှင့် ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံပါက နိုင်ငံရေးပါတီများ ဥပဒေပုဒ်မ ၁၂ နှင့်အညီ ဆောင်ရွက်မည်ဟုလည်း သတိပေး အကြောင်းကြားခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါအခြေအနေများကြောင့် ခွင့်ပြုချက် မရရှိဘဲ ပြည်ပသံရုံးနှင့် လျှို့ဝှက်တွေ့ဆုံသော ဒေါ်သက်သက်ခိုင်တို့ နှစ်ဦးကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကော်မရှင်၏ UEC က အသိပေးထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ-PPP

ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၄ ရက်အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့၏ ခွင့်ပြုချက်မယူဘဲ ပြည်ပသံရုံးနှင့် လျှို့ဝှက်တွေ့ဆုံသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အပါအဝင် နှစ်ဦးကို အရေးယူမည်ဟု ယနေ့ည ထုတ်ပြန်လာသည်။ဒေါ်သက်သက်ခိုင်နှင့်...
‎ဧရာဝတီတိုင်းမ် ‎ဇန်နဝါရီ ၁၄ရက် ‎ ‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာသို့သွားသည့် လမ်းကြောင်းနှစ်ခုလုံးတွင် စစ်ကော်မရှင်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ‎...
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၄ ရက်   အာဏာသိမ်းပြီးနောက် တပ်အင်အား လိုအပ်ချက်ကြောင့် လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းနေသော်လည်း “လူငယ်များကို နေရာပေးရန်...
ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၄ ရက်   ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နှင် မင်းတပ်မြို့နယ်ကို စစ်ကော်မရှင်တပ်မှ ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဘုရားကျောင်းနှစ်ကျောင်းနှင့်...
‎ဧရာဝတီတိုင်းမ်‎ဇန်နဝါရီ ၁၄ ရက်‎‎‌ကျောက်ဖြူရှိ စစ်ကော်မရှင်စစ်ကြောင်းများ သစ်ပုတ်တောင် လမ်းကွဲတွင်တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ရင်းဘက်မှ စစ်ကြောင်းများ ပြန်လည်တက်လာကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။‎‎ဒရုန်းများ၊ လက်နက်ကြီးများဖြင့် မင်းပြင်၊...
ဧရာဝတီတိုင်းမ် ‎ဇန်နဝါရီ ၁၄ရက် ‎ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးတွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က စစ်သင်္ဘောများကို အင်အားဖြည့်တင်းကာ...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၄ ရက်ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရှိ စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့နှင့်ပေါင်း၍ ၎င်းနှင့် အဆင်မပြေသူများကို ပြည်သူ့စစ်မှုထမ်းရန် စစ်သင်တန်းကျောင်းများသို့ အဓမ္မ ပို့ဆောင်နေကြောင်း...