သတင်း

ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၂ ရက်   ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မရွေးကုန်းကျေးရွာအုပ်စုတွင်ပြုလုပ်သည့် လောင်းကစားဝိုင်းများကို ‌စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၉ရက် ည...
ပေါင်းတည်တွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို လုံခြုံရေးယူပေးနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက် ဧရာဝတီတိုင်းမ် (ပေါင်းတည်)၊ ဇန်နဝါရီ ၁၂ ရက် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စုအတွင်း ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့၊ နံနက်အစောပိုင်းက စစ်ကော်မရှင်၏ တစ်ဖက်သပ် ရွေးကောက်ပွဲအပိုင်း(၂) အတွက် လုံခြုံရေး ယူပေး နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရှမ်းကုန်းထိပ်ရွာမဲရုံကို လုံခြုံရေးယူပေးခဲ့သည့် တပ်ဖွဲ့ဝင်များ၊ ချောင်းခွရွာမဲရုံကို လုံခြုံရေး ယူပေး‌ခဲ့သည့်တပ်ဖွဲ့ဝင်များနှင့် မြို့တွင်းရွာ မဲရုံကိုလုံခြုံရေးယူပေးနေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ရွေးကောက်ပွဲက ပြည်သူပါဝင်မှုနည်းပါတယ်။ စစ်ရေးအခြေအနေကတော့ သူတို့ဘက်က အထိုင် စခန်းတွေဂိတ်စခန်းတွေမှာ ထပ်မံအင်အားတိုးမြှင့်ထားတွေရှိတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဧရာဝတီတိုင်းမ်ကိုပြောသည်။ ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းကလည်း ပေါက်တောရွာအခြေစိုက် ခမရ-၁၀ တပ်ရင်းအတွင်းသို့ ၆ဝမမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းဧည်ရိပ်သာ အနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုများရှိသော်လည်း ထိခိုက် သေဆုံးမှုအသေးစိတ်ကိုမူ သိရခြင်းမရှိသေးပေ။ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၃၆၀၁) တပ်ရင်း၊ တပ်ခွဲ-၂၊ တပ်ခွဲ-၅၊ ပြည်ခရိုင်အမှတ်(၁) တပ်ရင်း၊ တပ်ရင်းစစ်ကြောင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပြည်ခရိုင်အတွင်း ပေါင်းတည်၊ ပေါက်ခေါင်း ၊ သဲကုန်း မြို့နယ်များအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် သဲကုန်း တိုက်ပွဲတွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ – ပေးပို့

ဧရာဝတီတိုင်းမ် (ပေါင်းတည်)၊ ဇန်နဝါရီ ၁၂ ရက်   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စုအတွင်း ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့၊...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၂ ရက်အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ ပြီး လက်ရှိအချိန်ထိ ဆန္ဒပြသူ ၅၀၀ ကျော် သေဆုံးခဲ့ပြီလို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၂ ရက်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှု တိုးမြှင့်ခဲ့ပြီး အချိန်မ နှောင်းမီ သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။ဒေါ်နယ်ထရမ့်ဟာ ကာရစ်ဘီယံဒေသမှ ဆိုရှယ်လစ်တိုင်းပြည်တစ်ခုဖြစ်တဲ့...
ဧရာဝတီတိုင်းမ် (ဖြူး)၊ ဇန်နဝါရီ ၁၁ ရက်   ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆာဂွန်းစစ်ကော်မရှင်အထိုင်စခန်းကို စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲအပိုင်း-၂ ကျင်းပသည့် ယနေ့...
ဧရာဝတီတိုင်းမ်(တောကျွဲအင်း)၊ ဇန်နဝါရီ ၁၁ ရက်ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရဲစခန်းအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူ ရှစ် ဦးကို ကယ်တင်ကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း...
‎ဧရာဝတီတိုင်းမ်‎ဇန်နဝါရီ ၁၁ရက်‎‎စစ်တွေတွင် စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်စခန်းအချို့သိမ်းဆည်းခံရသည့် အတွက် စစ်ကော်မရှင်တပ်မှ အရာရှိများထွက်ပြေးရန် အသင့်အနေအထားရှိကြောင်း သိရသည်။‎‎စစ်တွေမြို့ ဒေသကွပ်ကဲ‌ရေးစစ်ဌာနချုပ်(ဒကစ)၏ ကာကင်းစခန်းနှစ်ခုကို အာရက္ခတပ်တော် (AA)...