သတင်း

ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၆ ရက်   ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ အလုပ်ရုံတစ်ခုတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၂ ဦးအတွက် နစ်နာကြေး...
မူဆယ်တွင် အဆိုတော် ရှင်မင်းမြတ်ကို ပြန်‌ပေးဆွဲ၊ ကျားဖြန့်များက ဖမ်းဆီးရိုက်နှက်၍ ကျပ်သိန်း ၃၀၀၀ ကျော် ပေးခဲ့ရ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၆ ရက် အဆိုတော်ရှင်မင်းမြတ်သည် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့သို့ မင်္ဂလာဆောင်ဖျော်ဖြေရန်အတွက် ‌ဖိတ်ခေါ်ခံရပြီးနောက် ပြန်ပေးဆွဲဖမ်းဆီးရိုက်နှက်ခံခဲ့ရကြောင်း သိရသည်။ မူဆယ်မြို့သို့ လိမ်လည်ဖိတ်ခေါ်ခံရပြီးနောက် ကျားဖြန့်အဖွဲ့မှ ဖမ်းဆီးရိုက်နှက်ချုပ်နှောင်ကာ ပြန်ပေးငွေ အမြောက်အများတောင်းသဖြင့် ကျပ်ငွေသိန်း ၃၀၀၀ ကျော်ပေး၍ လွတ်မြောက်ခဲ့ရကြောင်း အဆိုတော်ရှင်မင်းမြတ်က ၎င်း၏လူမှုကွန်ရက်‌တွင် ရေးသားပြောဆိုထားသည်။ အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေဖြစ်သူတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့တွင် ဖိတ်ကြားချက် အရ မူဆယ်ရှိ မင်္ဂလာဆောင်တစ်ခုသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ဇန်နဝါရီလ ၅ ရက်တွင် ပွဲပြုလုပ်မည့်နေရာကို သွားရောက်ကြည့်ရှုရာ လူလေးဦးမှ ခေါင်းစွပ်စွပ်၍ လက်ထိပ်ခတ်ကာ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုသို့ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၎င်းတို့ကို လောက်ကိုင်အမှုဟောင်းတစ်ခုနှင့် အကြောင်းပြ၍ ကျပ်သိန်း ၇၀၀၀ တောင်းခံပြီး ရိုက်နှက်နှိပ်စက်ခဲ့သည်။ ထိုသို့ ရိုက်နှက်နှိပ်စက်ပြီး ၄ ရက်အကြာ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့ လမ်းကြားတစ်ခု၌ ကားပေါ်မှ ပစ်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုတော် ရှင်မင်းမြတ်က ၎င်း၏ မိတ်ဆွေများထံ အကူအညီတောင်းခံခဲ့သဖြင့် ကျပ်ငွေ သိန်း ၃၀၀၀ ကျော်ကို ငွေလွှဲပေးခဲ့ရကြောင်း၊ ယင်းနောက် ပြန်ပေးသမားများသည် ငွေထပ်မံရရှိနိုင်တော့မည် မဟုတ်ဟု ယူဆကာ ၎င်းတို့ကို လမ်းပေါ်တွင် ပစ်ချထားခဲ့သည်။ ထိုသို့ ပစ်ချထားစဉ် မှတ်ပုံတင်နှင့် ငွေကျပ် ၁၀ သိန်းသာ ပြန်ပေး၍ ပတ်စ်ပို့နှင့် အသုံးအဆောင် ပစ္စည်းများကိုမူ ပြန်ပေးသမားများက ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့ကို မလွှတ်ပေးမီ အဝတ်အစားများ ချွတ်ခိုင်း၍ ဗီဒီယိုရိုက်ကူးပြီး ယခုကိစ္စကို ရဲတိုင်ပါက လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရှင်မင်းမြတ်က ဆိုထားသည်။ လက်ရှိတွင် မူဆယ်မြို့သည် စစ်ကော်မရှင်ထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး စစ်ကော်မရှင်လက်အောက် ခံပြည်သူ့စစ်များ ကြီးစိုး‌လျက်ရှိကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ ပြန်ပေးဆွဲဖမ်းဆီးရိုက်နှက် သတ်ဖြတ်မှုများကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေ သည့်နေရာဖြစ်သည်။ ဓာတ်ပုံ- ရှင်မင်းမြတ်

ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၆ ရက်   အဆိုတော်ရှင်မင်းမြတ်သည် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့သို့ မင်္ဂလာဆောင်ဖျော်ဖြေရန်အတွက် ‌ဖိတ်ခေါ်ခံရပြီးနောက် ပြန်ပေးဆွဲဖမ်းဆီးရိုက်နှက်ခံခဲ့ရကြောင်း သိရသည်။   မူဆယ်မြို့သို့...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၆ ရက်မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး (ICJ) တွင် ကြာသပတေးနေ့က ဆက်လက်ကြားနာခဲ့သည်။ထိုသို့ကြားနာရာတွင် မြန်မာစစ်ဘက်အရာရှိများသည်...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၆ ရက်ဂရင်းလန်ကျွန်းမှာ ဥရောပတပ်ဖွဲ့တွေ ဖြန့်ကြက်ထားမှုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂရင်းလန်ကျွန်းကို ရယူမယ့်အစီအစဉ်ကို မပြောင်းစေဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။“ဂရင်းလန်ကျွန်းကို ဉရောပတပ်ဖွဲ့တွေ စေလွှတ်တာ...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၆ ရက်ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကြန့်ကြာစေတာ ရုရှားမဟုတ်ဘဲ ယူကရိန်းသာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ရုရှားသမ္မတ ဗလာဒီမာပူတင်က လေးနှစ်ကြာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့...
ဧရာ၀တီတိုင်းမ်ဇန်နဝါရီ ၁၅ ရက်ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမာခရိုင်တွင် ဖြစ်ပွားခဲ့သော လူသေဆုံးမှုရှိသည့် ရထားမတော်တဆမှုနှင့် ပတ်သက်၍ ထိုင်းဘုရင်နှင့် မိဖုရားတို့က စိုးရိမ်ပူပန်ကြောင်ပြောကြားခဲ့ပြီး ထိခိုက်ခံစားရသူများအတွက် ဘုရင့်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း...
ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၅ ရက်   ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသဖြင့် တိုင်းနှင့် ပြည်နယ်အချို့တွင် မနက်ဖြန်မနက်ပိုင်း၌ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၅ ရက်ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ၏ ခိုက်ရန်ဖြစ်ပွားမှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် ထိုင်းအာဏာပိုင်များက အထောက်အထားမဲ့ နေထိုင်သူများနှင့် ဥပဒေပြင်ပ အလုပ်လုပ်ကိုင်သူများကို စစ်ဆေးမှုများနှင့် စည်းကမ်းတင်းကျပ်မှုများ...